WEBVTT
Kind: captions
Language: my

00:00:00.000 --> 00:00:04.981
ကျွန်တော့်အနေနဲ့ ဒီဗီဒီယိုမှာ ခင်ဗျား လေး၊ ငါးနှစ်သား အရွယ်က "သေချာပေါက်" လို့ မှတ်ယူထားတဲ့ အိုင်ဒီယာတစ်ချို့ကို ပြန်ကြည့်စေချင်ပါတယ်။

00:00:04.981 --> 00:00:10.638
ပြီးတော့ ခင်ဗျားအနေနဲ့ တခြားသော ကိန်းဂဏန်းစနစ်တွေကို လေ့လာတဲ့ အချိန်မှာလည်း

00:00:10.638 --> 00:00:14.402
အတွေးအသစ်တွေနဲ့ မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကိန်းဂဏန်းစနစ်မှာ ဂဏန်း ၁၀ လုံးရှိပါတယ်။

00:00:14.402 --> 00:00:22.804
ကျွန်တော် ရေကြည့်လိုက်မယ်။ ကျွန်တော့်ဆီမှာ ဘာမှမရှိလျှင် "၀" ဆိုတဲ့ အမှတ်အသားကို သုံးပါတယ်။ ပြီးတော့ ကျွန်တော့်ဆီမှာ တစ်ခုရှိလျှင်

00:00:22.813 --> 00:00:27.669
"၁" ဆိုတဲ့ အမှတ်အသားကို သုံးပါတယ်။ ကျွန်တော် ဒီမှာ ဆွဲလိုက်မယ်။ ကျွန်တော့်ဆီမှာ တစ်ခုရှိလျှင် ကျွန်တော် "၁" ဆိုတဲ့ အမှတ်အသားကို သုံးပါတယ်။

00:00:27.669 --> 00:00:34.387
ကျွန်တော့်ဆီမှာ နှစ်ခုရှိလျှင် "၂" ဆိုတဲ့ အမှတ်အသားကို သုံးပါတယ်။ ကျွန်တော့်ဆီမှာ သုံးခုရှိလျှင် "၃" ဆိုတဲ့ အမှတ်အသားကို သုံးပါတယ်။

00:00:34.387 --> 00:00:40.566
မြင်ရအောင်လို့ ကျွန်တော်အောက်ကို နည်းနည်း scroll လုပ်ကြည့်လိုက်မယ်။ ကျွန်တော့်ဆီမှာ လေးခုရှိလျှင် ကျွန်တော် ဒီအမှတ်အသားကို သုံးတာပေါ့။

00:00:40.597 --> 00:00:50.922
ကျွန်တော့်ဆီမှာ ငါးခုရှိလျှင် ဒီအမှတ်အသားကို သုံးပါတယ်။ ကျွန်တော့်ဆီမှာ ခြောက်ခုရှိလျှင်... ဒီလိုဆွဲကြည့်လိုက်ရအောင်... ကျွန်တော့်ဆီမှာ ခြောက်ခုရှိလျှင် ဒီအမှတ်အသားကို သုံးတာပေါ့။

00:00:50.922 --> 00:00:57.740
ကျွန်တော့်ဆီမှာ ခုနစ်ခုရှိလျှင် ဒီအမှတ်အသားကို သုံးပါတယ်။ ဒါတွေက နည်းနည်းတော့ ပျင်းစရာကောင်းလိမ့်မယ်ဆိုတာ နားလည်ပါတယ်။

00:00:57.740 --> 00:01:04.676
ဒါပေမယ့် ဒါတွေအားလုံးက အကြောင်းရှိပါတယ်။ ရှစ်ခုရှိလျှင် ဒီအမှတ်အသားကို သုံးတာပေါ့။ ပြီးတော့ ကိုးခုရှိလျှင်

00:01:04.676 --> 00:01:23.314
ဒီအမှတ်အသားကို သုံးပါတယ်။ ပြီးတော့ ကျွန်တော့်ဆီမှာ ဆယ်ခုရှိလျှင်... ကျွန်တော် ဘာကိုသုံးမလဲ။ ကျွန်တော့်မှာရှိတဲ့ နံပါတ်တွေအားလုံးက သုံးခဲ့ပြီးပြီ။

00:01:27.037 --> 00:01:30.698
ဂဏန်းဆယ်လုံးကို အခြေခံတဲ့ စနစ်မှာ ဂဏန်းဆယ်လုံးပဲရှိတော့ ကျွန်တော်တို့က ရှိတဲ့ဂဏန်းတွေကို ပြန်သုံးရတာပေါ့။ ဒီတော့ ကျွန်တော်တို့ နံပါတ်တွေ အစားထိုးတဲ့အကြောင်း ပြန်လည် မိတ်ဆက်ကြရအောင်။

00:01:30.698 --> 00:01:38.654
ခင်ဗျားက "တစ်ဆယ်" တစ်ခုနဲ့ "တစ်" သုညခု ရှိတယ်လို့ ပြောတယ်။ ခင်ဗျားက "တစ်ဆယ်" တစ်ခုနဲ့ "တစ်" သုညခု ရှိတယ်လို့ ဆိုလျှင်...

00:01:38.654 --> 00:01:45.898
ပြီးတော့ "တစ်" သုညခု။ ကျွန်တော်တို့က ဒါကို "တစ်ဆယ်" နေရာမှာ ရှိတယ်လို့ ပြောတယ်။ အဲဒါကတော့ တည့်ပြောရလျှင်

00:01:45.898 --> 00:01:55.837
"တစ်ဆယ်" တစ်ခု...... "တစ်ဆယ်" တစ်ခု အပေါင်း "တစ်" သုညခု။

00:01:55.837 --> 00:01:59.629
ကျွန်တော်တို့က ဒီဂဏန်းတွေကို ပြန်သုံးရမဲ့အစား အမှတ်အသားတွေ ပိုထည့်သုံးလို့ ရတာပေါ့။

00:01:59.629 --> 00:02:02.974
ဒါကို အမှတ်အသားတစ်ခုအနေနဲ့ ထားလို့ရတာပေါ့။ ဒါမှမဟုတ် အမှတ်အသားတစ်ခု ဖန်တီးလိုက်လို့ ရပါတယ်။

00:02:03.035 --> 00:02:06.982
ဒါမှမဟုတ် ကျွန်တော်တို့က ပြန်သုံးမဲ့အစား ဒီနံပါတ်တွေ အားလုံးအတွက် အမှတ်အသား တစ်ခုချင်းစီ သုံးလို့ရတာပေါ့။

00:02:06.982 --> 00:02:13.231
ကျွန်တော်တို့က နံပါတ် "တစ်ဆယ်" အတွက် "ကြယ်"ပုံစံ အမှတ်အသားကို သုံးလို့ ရနိုင်တာပဲ။ ပြီတော့ နံပါတ် "တစ်ဆယ့်တစ်" အတွက် ခင်ဗျားက

00:02:13.231 --> 00:02:17.021
တစ်ခြားသင်္ကေတ တစ်ခုခုကို သုံးလို့ ရတာပဲ... လက်စသတ်လိုက်ရအောင် ကျွန်တော် "တစ်ဆယ့်တစ်" ထိ သွားလိုက်ပါမယ်။

00:02:17.021 --> 00:02:21.946
ဒီတော့... နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်၊ တစ်ဆယ့်တစ်။

00:02:21.946 --> 00:02:26.619
ဆိုတော့ ကျွန်တော်တို့ ကိန်းဂဏန်းစနစ်မှာ ဒါက "တစ်ဆယ်" တစ်ခု... ဒါကို ကျွန်တော်တို့က "တစ်ဆယ်" တစ်ခုလို့ ခေါ်မယ်။

00:02:26.619 --> 00:02:35.071
ကျွန်တော် ဒီလိုရေးလိုက်မယ်... "တစ်ဆယ်" တစ်ခု။ ပြီးတော့ ဒီဟာက "တစ်ဆယ်" တစ်ခု၊ "တစ်ဆယ်" တစ်ခု ပြီးတော့ "တစ်ဆယ်" တစ်ခု။

00:02:35.071 --> 00:02:43.001
ပြီးတော့ ဒီတစ်ခု။ ဒီတော့ ဒါက "တစ်ဆယ်" တစ်ခု အပေါင်း "တစ်ဆယ်" တစ်ခု။ ဒါထူးဆန်းနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။

00:02:43.001 --> 00:02:49.121
ဒီနည်းအားဖြင့် နံပါတ်တွေကို ကိုယ်စားပြုတာပေါ့။ ကျွန်တော်တို့ဆီမှာ တစ်ဆယ့်တစ် အခြေစနစ် ရှိခဲ့ရင်၊ ဒါမှမဟုတ် တစ်ဆယ့်နှစ် အခြေစနစ် ရှိခဲ့လျှင်

00:02:49.151 --> 00:02:51.813
ဂဏန်းအဟောင်းတွေ သုံးမယ့်အစား

00:02:51.813 --> 00:02:55.544
ကျွန်တော်တို့က ဒါအတွက် သင်္ကတတစ်ခု ထားလို့ရတာပေါ့။

00:02:55.544 --> 00:02:59.464
...smiley face တစ်ခု ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူ ပြောနိုင်မှာလဲ။ ကျွန်တော် တခြား ဗီဒီယိုတွေမှာ

00:02:59.464 --> 00:03:05.206
လက်တွေ့ တကယ်သုံးနေတဲ့ ဒီထက်ကြီးတဲ့ ဂဏန်းတွေကို အခြေခံတဲ့ စနစ်တွေအကြောင်း

00:03:05.206 --> 00:03:09.115
မိတ်ဆက်ပေးပါ့မယ်။ ဒါပေမဲ့ ဒီဗီယိုမှာ ကျွန်တော် လုပ်ချင်တာက

00:03:09.115 --> 00:03:12.270
သေးငယ်တဲ့ ဂဏန်းတွေ သုံးတဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လို ရေတွက်သလဲ၊ ဘယ်လို သင်္ကေတတွေကို သုံးသလဲဆိုတဲ့ အကြောင်း စဉ်းစားစေချင်တာပါ။

00:03:12.270 --> 00:03:16.152
ကျွန်တော်တို့မှာ အခုထက် နည်းတဲ့ဂဏန်းတွေ ရှိခဲ့လျှင်၊ ကျွန်တော်တို့ ဘယ်လို

00:03:16.152 --> 00:03:19.530
ရေတွက်မလဲ။ ကျွန်တော်တို့ဆီမှာ "သုည" နဲ့ "တစ်" ပဲရှိခဲ့လျှင်

00:03:19.530 --> 00:03:23.973
ကျွန်တော်တို့ ဘာလုပ်မှာလဲဆိုတော့ နံပါတ်တွေကို

00:03:23.973 --> 00:03:27.457
ဒီဂဏန်းနှစ်ခုကို အခြခံတဲ့စနစ်မှာ ဘယ်လို နံပါတ်တွကို ကိုယ်စားပြုမလဲပေါ့။

00:03:27.457 --> 00:03:30.695
ကျွန်တော်တို့ သုံးနေကြစနစ်က ဂဏန်းဆယ်လုံးကို အခြေခံတဲ့စနစ် (base ten) ပေါ့။

00:03:30.695 --> 00:03:33.523
"သုည" ကနေ "ကိုး" ထိ ဂဏန်းဆယ်လုံး ရှိတာပေါ့။

00:03:33.523 --> 00:03:35.877
ဂဏန်းနှစ်လုံး အခြခံစနစ် (base two) မှာ ကျွန်တော်တို့ ဘယ်လို ရေတွက်မလဲ။

00:03:35.877 --> 00:03:38.531
ဆိုတော့ ခင်ဗျားမှာ သုညခု ရှိလျှင် ခင်ဗျားက ဒီလိုပြောလို့ရတယ်...

00:03:38.531 --> 00:03:41.295
"ဟေး၊ ငါ့မှာ "သုည" ရှိတယ်။ ငါ "သုည" ဂဏန်းကို သုံးနိုင်တယ်။"

00:03:41.295 --> 00:03:43.540
ကျွန်တော့်ဆီ တစ်ခု ရှိခဲ့လျှင် ကျွန်တော်က ဒီလိုပြောလို့ရတယ်...

00:03:43.540 --> 00:03:45.800
"ဟေး ငါ့မှာ တစ်ခု ရှိတယ်" ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ

00:03:45.800 --> 00:03:47.874
"သုည" နဲ့ "တစ်" ဂဏန်းတွေ ရှိပါတယ်။ ဒီတော့ ရှင်းသွားအောင်လို့

00:03:47.935 --> 00:03:54.809
ဂဏန်းတွေက ဒီမှာ...၊ ဂဏန်းနှစ်ခု အခြေခံပေါ့၊ "သုည" ဒါမှမဟုတ် "တစ်" ပေါ့။

00:03:54.809 --> 00:03:58.477
ဆိုတော့ ကျွန်တော့ဆီမှာ တစ်ခုရှိလျှင် ကျွန်တော်က နံပါတ် "တစ်" ကို သုံးလို့ ရသေးတာပေါ့။

00:03:58.492 --> 00:04:02.115
ဒါပေမဲ့ အခုတော့ ဒီမှာ မျှော်လင့်မထားပဲ ကျွန်တော့်ဆီမှာ အရာဝတ္ထု နှစ်ခုရှိနေတယ်။

00:04:02.123 --> 00:04:07.153
ကျွန်တော်ပြောမယ် ဒီမှာ ကျွန်တော်က ဂဏန်းနှစ်လုံးပဲ သုံးလို့ရတဲ့ အကန့်အသတ်နဲ့ပေါ့။

00:04:07.184 --> 00:04:09.844
ဒီတော့ ကျွန်တော်က ဒီလို ပြလို့ရတာပေါ့။ ဒီတော့

00:04:09.844 --> 00:04:13.415
တစ်ဆယ် နေရာမှာ ကျွန်တော်က နှစ်ရဲ့နေရာကို သုံးလိုက်တာပေါ့။

00:04:13.415 --> 00:04:16.218
...ဒါက ဖြစ်ချင်တာနဲ့ ပြောင်းပြန် ဖြစ်သလိုရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ ခင်ဗျားကလည်း ဒါနဲ့ မကြာခင် ရင်းနီးသွားပါလိမ့်မယ်။

00:04:16.218 --> 00:04:22.718
ဆိုတော့ Base Ten စနစ်မှာ "တစ်ဆယ်" တစ်ခုနဲ့ "တစ်" သုညခု ကျွန်တော်တို့မှာ ရှိခဲ့တာပေါ့။

00:04:22.718 --> 00:04:25.722
ဒီတော့ Base Two မှာ ဘာလို့ ကျွန်တော်တို့က

00:04:25.722 --> 00:04:30.041
"၂" တစ်ခု - "၂" တစ်ခု - ပြီးတော့ "၁" သုညခု ဘာလို့ မဖြစ်နိုင်ရမှာလဲပေါ့။

00:04:30.041 --> 00:04:33.383
ရှင်းအောင်ပြောရလျှင် အခုဒီမှာ ရှိနေတဲ့ဟာက

00:04:33.383 --> 00:04:39.159
"၂" တစ်ခု နဲ့ "၁" သုညခု

00:04:39.189 --> 00:04:42.595
အခု ဒီမှာကျွန်တော်ပြနေတဲ့ ဥပမာကို ခင်ဗျား နားလည်တာ သေချာအောင်လို့

00:04:42.595 --> 00:04:45.149
Base Ten စနစ်မှာ ကျွန်တော် နံပါတ် အကြီးတစ်ခုရေးလိုက်မယ်။

00:04:45.149 --> 00:04:49.266
... ဒီတော့ ကျွန်တော်တို့ Base Ten မှာ ၂၅၆ လို့ရေးလျှင်...

00:04:49.266 --> 00:04:53.833
ဒီတော့ ဒါက Base Ten နံပါတ်ပေါ့။ အဲဒါက ဘာကိုဆိုလိုလဲ။

00:04:53.833 --> 00:04:58.777
ဒါကတော့ "နှစ်ရာ"၊ ဒီတော့ "နှစ်" အမြှာက် တစ်ရာ။ ဒါမှမဟုတ်

00:04:58.777 --> 00:05:03.337
သင်္ကေတတွေ မရှုပ်သွားအောင်လို့ ကျွန်တော် ချရေးလိုက်ရင် ကောင်းမယ်ထင်တယ်။

00:05:03.337 --> 00:05:09.391
"နှစ်ရာ" အပေါင်း "တစ်ဆယ်" ငါးခု... ဒါမှမဟုတ် ကျွန်တော်က "နှစ်ရာ" အပေါင်း

00:05:09.391 --> 00:05:19.917
"တစ်ဆယ်" ငါးခု.... "နှစ်ရာ" အပေါင်း "တစ်ဆယ်" ငါးခု၊ ပြီးတော့ "တစ်" ခြောက်ခု

00:05:19.917 --> 00:05:22.133
ဒီမှာ ကျွန်တော် ပြနေတာ အဲဒါပဲပေါ့၊ ပြီးတော့ ကျွန်တော်တို့ သိတာက

00:05:22.133 --> 00:05:25.578
ဘယ်ဘက်ကို နေရာ နှစ်နေရာ ရွေ့လိုက်ရင် ရာဂဏန်းပေါ့။

00:05:25.578 --> 00:05:31.469
ဒါကတော့ ဆယ်ဂဏန်း နေရာပေါ့။

00:05:31.469 --> 00:05:36.290
ပြီးတော့ ခင်ဗျားရဲ့ ထပ်ညွန်းကိန်းကနေ ဒါကတော့ဖြင့် "တစ်ဆယ်" အမြှာက် "တစ်ဆယ်" နဲ့ ညီတယ်ဆိုတာ သိနိုင်ပါတယ်။

00:05:36.290 --> 00:05:39.964
ဒီမှာရှိတဲ့ဟာကတော့ ဒီဂဏန်းနဲ့ "တစ်ဆယ်" နဲ့ တစ်ခါမြှောက်တာနဲ့ပဲ ညီမျှတာပေါ့။

00:05:39.964 --> 00:05:42.473
ဒီဟာက "တစ်ဆယ်" နဲ့ တစ်ခါမြှောက်တာနဲ့ပဲ ညီမျှတာပေါ့။

00:05:42.473 --> 00:05:43.958
ဒါကို "သုည" နဲ့ မြှောက်တယ်လို့လဲ ပြောလို့ရတာပဲ။

00:05:43.958 --> 00:05:46.650
ဒါမှမဟုတ် ခင်ဗျားက ထပ်ညွန်းကိန်းကို သိတယ်ဆိုလျှင်

00:05:46.650 --> 00:05:49.900
ဒါက "၁၀" ပေါ် "၂" တင်တာပေါ့၊ ဒါက "၁၀" ပေါ် "၁" တင်တာပေါ့။

00:05:49.900 --> 00:05:52.209
ပြီးတော့ ဒါက "၁၀" ပေါ် "၀" တင်တာပေါ့။

00:05:52.209 --> 00:05:53.355
ပြီးတော့ ခင်ဗျားက ဒီနေရာမှာ ဂဏန်းတစ်ခုကို ထည့်လိုက်မယ်ဆိုလျှင်

00:05:53.355 --> 00:05:55.055
အဲဒါက ထောင်ဂဏန်းနေရာပေါ့၊ ဒီတော့ သူက

00:05:55.055 --> 00:05:56.848
"၁၀" အမြှာက် "၁၀" အမြှာက် "၁၀" ပေါ့။

00:05:56.848 --> 00:05:58.871
ကျွန်တော်တို့ ဒီ Base Two မှာ ဒီလိုပဲ လုပ်သွားရမှာပဲ။

00:05:58.871 --> 00:06:00.755
ဒါပေမယ့် "တစ်ဆယ်" ကို သုံးမယ့်အစား ကျွန်တော်တို့က

00:06:00.755 --> 00:06:03.407
"နှစ်" ကို သုံးတာပေါ့။ ဒီတော့ ဒါက "နှစ်" နေရာပေါ့။

00:06:03.407 --> 00:06:06.580
ဒီမှာ ရှိနေတာက "နှစ်" ရဲ့ နေရာပါ။ ဒါက "တစ်" ရဲ့ နေရာပေါ့။ "၁၀" အမြှာက်

00:06:06.580 --> 00:06:09.507
ကျွန်တော်တို့ ဂဏန်းတွေ ထပ်ဖြည့်လိုက်လျှင်... ရှင်းသွားအောင် လုပ်ပါရစေ

00:06:09.507 --> 00:06:13.733
Base Two မှာ... ကျွန်တော် Base Two နံပါတ်တစ်ခု ရေးလိုက်မယ်။

00:06:13.733 --> 00:06:17.356
Base Two မှာ ကျွန်တော်တို့ "သုည" နဲ့ "တစ်" နဲ့ပဲ သုံးလို့ရတယ်ဆိုတာ သတိရပါ။

00:06:17.356 --> 00:06:22.315
ဆိုတော့ ကျွန်တော့်မှာ Base Two နံပါတ် "1010" ရှိမယ်။

00:06:22.315 --> 00:06:25.608
ဆိုတော့ ခင်ဗျားက ဒါကို Base Ten လို့စဉ်းစားကြည့်လျှင်

00:06:25.608 --> 00:06:29.167
ဒါကို ခင်ဗျားက "တစ်ဆယ်"ရဲ့ နေရာ၊ "တစ်ရာ" ရဲ့ နေရာ၊ "တစ်ထောင်" ရဲ့ နေရာ

00:06:29.167 --> 00:06:32.262
ဒါပေမယ့် အခု ဒါက Base Two ဖြစ်သွားပြီ။ ကျွန်တော် လုံး၀ ရှင်းသွားအောင် ပြောရလျှင်

00:06:32.262 --> 00:06:35.435
ကျွန်တော်တို့က အခု ဂဏန်းနှစ်ခုပဲ သုံးနေတယ်ပေါ့။ Base Two မှာ

00:06:35.435 --> 00:06:37.928
ဒီမှာရှိတဲ့ဟာက "တစ်" နေရာပဲ ရှိသေးတာပေါ့။

00:06:37.928 --> 00:06:40.731
ဒီတော့ အခုဒီဟာက "နှစ်" နေရာပေါ့။

00:06:40.731 --> 00:06:42.815
Base Ten စနစ်မှာ ဒီဟာက "တစ်ဆယ်" နေရာ ဖြစ်တယ်ဆိုတာ သတိရပါ။

00:06:42.815 --> 00:06:44.346
ဒီနေရာက "နှစ်" နေရာပါ။

00:06:44.346 --> 00:06:47.577
အခု ဒီဟာက၊ ပြီးတော့ ခင်ဗျားက ခန့်မှန်းကြည့်လို့ ရပါတယ်။

00:06:47.577 --> 00:06:49.615
"၁၀၀" ဆိုတာ "၁၀" အမြှောက် "၁၀"

00:06:49.615 --> 00:06:53.252
Base Two မှာ ကျွန်တော်တို့ ဘယ်ဘက်ကို နှစ်နေရာ ရွေ့မယ်ဆိုလျှင်

00:06:53.252 --> 00:06:55.760
ဒါက "၂" အမြှာက် "၂" ဖြစ်သင့်တာပေါ့။

00:06:55.760 --> 00:07:03.695
ဒါမှမဟုတ် ဒါက "လေး" ရဲ့ နေရာပေါ့။ ဟောဒီမှာ ရှိတဲ့ဟာကတော့ "ရှစ်" ရဲ့ နေရာပေါ့။

00:07:03.695 --> 00:07:06.662
ဒီတော့ ခင်ဗျားက Base Two ကို အခြေခံစဉ်းစားမယ်ဆိုလျှင်

00:07:06.662 --> 00:07:12.564
ဒါက "တစ်"၊ "ရှစ်" တစ်ခု၊ အပေါင်း "လေး" သုညခု

00:07:12.564 --> 00:07:22.613
အပေါင်း "နှစ်" တစ်ခု၊ အပေါင်း "တစ်" သုညခု၊ အပေါင်း "တစ်" သုညခု။

00:07:22.613 --> 00:07:25.336
ဒီတော့ ခင်ဗျားက အဲဒီနံပါတ် ကို Base Ten မှာဆိုလျှင်

00:07:25.336 --> 00:07:30.134
အဲဒါက "ရှစ်" တစ်ခု၊ အပေါင်း "နှစ်" တစ်ခု။

00:07:30.149 --> 00:07:34.562
ဒီတော့ Base Ten မှာဆိုလျှင် ဒါက... ကျွန်တော် ဒီမှာ ရေးလိုက်မယ်...

00:07:34.562 --> 00:07:39.173
Base Ten မှာ ဒါက "ရှစ်" အပေါင်း "နှစ်" တစ်ခု ၊ အဲဒါကတော့ "တစ်ဆယ်" ပဲပေါ့။

00:07:39.173 --> 00:07:43.941
ဆိုတော့ ဒါက Base Ten ပေါ့။ ဒီလို အရာတွေကို Base Ten မှာ

00:07:43.941 --> 00:07:47.517
ဆယ်ခုဆိုပြီး ကိုယ်စားပြုတာပေါ့။

00:07:47.517 --> 00:07:50.152
Base Two မှာတော့ ဒီလို ကိုယ်စားပြုတာပေါ့။

00:07:50.152 --> 00:07:53.763
Base Ten မှာတော့ ဒီလို ကိုယ်စားပြုတာပေါ့။

00:07:53.763 --> 00:07:56.334
ကဲ ဆက်သွားကြရအောင်၊ ဒါတွေ သေချာနားလည်သွားအောင်လို့

00:07:56.334 --> 00:08:01.256
ဆိုတော့ ဒီမှာ အရာဝတ္ထုတွေအများကြီး၊ Base Two မှာဆိုလျှင် ကျွန်တော်တို့မှာဆီ တစ်ခု ရှိတာပေါ့။

00:08:01.256 --> 00:08:04.708
ခင်ဗျားဆီမှာ နှစ်ခုပဲရှိမယ်ဆိုလျှင် - "နှစ်" တစ်ခု နဲ့ "တစ်" သုညခုပေါ့။

00:08:04.708 --> 00:08:08.795
သုံးခု ဆိုရင်တော့ "နှစ်" တစ်ခု၊ အပေါင်း "တစ်" တစ်ခုပေါ့။

00:08:08.795 --> 00:08:11.469
ဆိုတော့ ကျွန်တော်ဒီမှာ ရေးလိုက်မယ်၊ ဆိုတော့ ဒါက

00:08:11.469 --> 00:08:13.031
"နှစ်" တစ်ခု၊ အပေါင်း "တစ်" တစ်ခု။

00:08:13.031 --> 00:08:18.085
ဒီတော့ ဒါက အရာဝတ္တုသုံးခု ကို Base Two နဲ့ဖော်ပြတာပေါ့။

00:08:18.085 --> 00:08:23.967
အခု ဒီကိုသွားလိုက်လျှင် ကျွန်တော်တို့ ဒီမှာ "လေး" တစ်ခု ရှိတယ်...

00:08:23.967 --> 00:08:25.855
ပြီးတော့ "နှစ်" သုညခု၊ ပြီးတော့ "တစ်" သုညခု။

00:08:25.871 --> 00:08:27.924
ဆိုတော့ ကျွန်တော်တို့ အခု "လေး" နေရာကို သွားမယ်။

00:08:27.924 --> 00:08:29.948
ကျွန်တော်တို့က ဒီအရာတွေ အားလုံးကို အဆုံးထိ တင်ပြီးပြီဆိုတော့..

00:08:29.948 --> 00:08:32.402
ကျွန်တော် ထပ်ဖြည့်လျှင် နောက်ထပ် တစ်နေရာ တိုးရလိမ့်မယ်။

00:08:32.402 --> 00:08:34.333
Base Ten မှာ လုပ်ခဲ့သလိုပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အခု

00:08:34.333 --> 00:08:35.971
"သုည" နဲ့ "တစ်" ဂဏန်းတွေကိုပဲ သုံးလို့ရတာပေါ့။

00:08:35.971 --> 00:08:41.008
ဆိုတော့ ကျွန်တော်တို့ဆီမှာ အခု "လေး" တစ်ခု၊ "နှစ်" သုညခု နဲ့ "တစ်" သုညခု ရှိတယ်။

00:08:41.008 --> 00:08:44.069
အခု နောက်ထပ် တစ်ခု ထပ်ဖြည့်တာပေါ့။ "တစ်" တွေ နောက်ထပ်ဖြည့်လိုက်တာပေါ့။

00:08:44.069 --> 00:08:49.915
ဆိုတော့ အခု ကျွန်တော်တို့မှာ "လေး" တစ်ခု၊ "နှစ်" သုညခု နဲ့ "တစ်" တစ်ခု ရှိပြီ။

00:08:49.915 --> 00:08:53.215
ရှင်းရှင်းပြောရရင် ဒါက အရာဝတ္တုတွေ အများကြီးပဲပေါ့။

00:08:53.215 --> 00:08:57.767
Base Two မှာဆိုရင် ဒါက အရာဝတ္တုတွေ အများကြီးပေါ့၊ ဒါက "လေး" နေရာ

00:08:57.767 --> 00:09:00.006
"လေး" တစ်ခု နဲ့ "တစ်" တစ်ခု။ ခင်ဗျားက ဒါကို

00:09:00.006 --> 00:09:02.263
Base Ten ကို ပြောင်းမယ်ဆိုလျှင် ခင်ဗျားက

00:09:02.263 --> 00:09:08.146
ဟေ့ "ဒါက "လေး" တစ်ခု၊ "နှစ်" သုညခု နဲ့ "တစ်" တစ်ခု" ပေါ့။

00:09:08.146 --> 00:09:11.444
ဆိုတော့ "လေး" တစ်ခု နဲ့ "တစ်" တစ်ခု ရှိတယ်ဆိုလျှင်ကျွန်တော်တို့က

00:09:11.444 --> 00:09:14.082
Base Ten မှာ သင်္ကေတ "၅" နဲ့ ဖော်ပြတာပေါ့။

00:09:14.082 --> 00:09:16.992
Base Two ထဲမှာ ကျွန်တော်တို့ဆီမှာ အဲဒီ သင်္ကေတ မရှိဘူးလေ။

00:09:16.992 --> 00:09:19.602
ဒီကို သွားလိုက်ရအောင်။ ဆိုတော့ ကျွန်တော်တို့က ဒီမှာ နောက်ထပ် တစ်ခု တိုးလိုက်ရအောင်

00:09:19.602 --> 00:09:21.590
ဒီတော့ ဒါကို Base Two မှာ ဘယ်လို ဖော်ပြမလဲ။

00:09:21.590 --> 00:09:23.367
သေချာတာပေါ့ ကျွန်တော်တို့ "လေး" တစ်ခု ရှိမယ်...

00:09:23.367 --> 00:09:27.163
ပြီးတော့ "နှစ်" တစ်ခု ရှိမယ်... ပြီးတော့

00:09:27.163 --> 00:09:29.257
ကျွန်တော်တို့ "တစ်" သုညခု ရှိမယ်ပေါ့။

00:09:29.257 --> 00:09:32.248
ဒီလိုပဲထားလျှင်... Base Two ဒီလိုတွက်ရတာ ပျော်ဖို့ကောင်းပါတယ်။

00:09:32.248 --> 00:09:34.133
ခင်ဗျား အကျင့်ရလာပါလိမ့်မယ်။

00:09:34.133 --> 00:09:36.587
ဆိုတော့ ဒီမှာ ကျွန်တော်တို့ "တစ်" တစ်ခုကို ဖြည့်လိုက်မယ်။

00:09:36.587 --> 00:09:38.610
ဒီတော့ "တစ်"၊ "တစ်"၊ "တစ်" ကို ရမယ်။

00:09:38.610 --> 00:09:40.125
ပြီးတော့ ကျွန်တော်တို့ ရှစ်ကို ရောက်တဲ့အချိန်

00:09:40.125 --> 00:09:42.025
ဒီဟာတွေကို နောက်ထပ်တိုးလို့ မရတော့ဘူး။

00:09:42.025 --> 00:09:44.518
ဒီတော့ ကျွန်တော်တို့ နောက်တစ်နေရာ ထပ်ဖြည့်ရတာပေါ့။

00:09:44.518 --> 00:09:46.761
"ရှစ်" နေရာကို သွားရတာပေါ့... ဒီတော့ ကျွန်တော်တို့ "ရှစ်" တစ်ခု ရှိသွားပြီ။

00:09:46.761 --> 00:09:50.723
"လေး" သုညခု၊ "နှစ်" သုညခု၊ ပြီးတော့ "တစ်" သုညခု။

00:09:50.723 --> 00:09:52.983
ဟောဒီမှာရှိတဲ့ဟာကို ခင်ဗျား တစ်ထောင်လို့ ထင်နေလိမ့်မယ်။

00:09:52.983 --> 00:09:55.475
ဒါပေမဲ့ ဒါက Base Ten မှာတော့ တစ်ထောင်ပေါ့။

00:09:55.475 --> 00:10:02.023
Base Two မှာတော့ အများကြီးပေါ့။ ဒါက Base Two မှာ ရှစ်နေရာရှိတဲ့ ဂဏန်းတစ်ခုပေါ့။

00:10:02.023 --> 00:10:04.237
ခင်ဗျားက တစ်ခုချင်းစီကို တိုးသွားရတာပေါ့။

00:10:04.237 --> 00:10:07.064
ကျွန်တော်တို့မှာ "ရှစ်" တစ်ခု၊ ပြီးတော့ "တစ်" တစ်ခု ရှိမယ်။

00:10:07.064 --> 00:10:10.181
ဆိုတော့ သူက "၁၀၀၁" ပေါ့။

00:10:10.181 --> 00:10:15.026
ကျွန်တော်တို့ ဆယ်ခုလို့ မှတ်ယူတဲ့ ဒီနေရာမှာရပ်လိုက်မယ်။

00:10:15.026 --> 00:10:20.485
Base Two မှာက ကျွန်တော်တို့ "ရှစ်"တစ်ခု ပြီးတော့ "နှစ်" တစ်ခု လိုတာပေါ့။

00:10:20.485 --> 00:10:23.648
ဒီတော့ "လေး" သုညခု၊ "နှစ်" တစ်ခု၊ ပြီးတော့ "တစ်" သုညခု။

00:10:23.648 --> 00:10:28.029
ဆိုတော့ ဒီမှာရှိတာက Base Two မှာဆိုရင် တစ်ဆယ်ပေါ့။

00:10:28.029 --> 00:10:30.537
ဒါကတော့ Base Ten မှာ တစ်ဆယ်ပေါ့။

00:10:30.583 --> 99:59:59.999
ဒါတွေအားလုံး ခင်ဗျားအတွက် အများကြီး စိတ်ရှုပ်ထွေးစရာ မဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်။

